ထွက်မြောက်ရာကျမ်း 11:5
အီဂျစ်ပြည်တွင်ဘုရင်၏နန်းလျာသားဦးမှ စ၍ ကြိတ်ဆုံကြိတ်သောကျွန်မ၏သားဦး တိုင်အောင် သားဦးဟူသမျှတို့ကိုသေစေမည်။ တိရစ္ဆာန်အပေါင်းတို့၏သားဦးပေါက်မှန် သမျှကိုလည်းသေစေမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 11
Cross References
Exodus 4:23ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
Exodus 12:29သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
Judges 16:21ဖိလိတ္တိအမျိုးသားတို့သည်လည်းသူ့အား ဖမ်းဆီးကာသူ၏မျက်စိကိုဖောက်ပြီး နောက် သူ့အားဂါဇမြို့သို့ခေါ်ဆောင်၍ ကြေးဝါကြိုးများဖြင့်ချည်နှောင်ပြီးလျှင် ထောင်ထဲ၌ကြိတ်ဆုံကျောက်ကိုလှည့်စေ ကြ၏။-
Psalms 105:36ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
Psalms 136:10ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Lamentations 5:13လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။