ထွက်မြောက်ရာကျမ်း 11:6
ရှေးအခါ၌လည်းမကြုံစဖူး၊ နောင်အခါ၌ လည်းကြုံရမည်မဟုတ်သောဟစ်အော်မြည်တမ်း ခြင်းအသံကို အီဂျစ်တစ်ပြည်လုံးတွင်ကြားရ လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 11
Cross References
Exodus 9:18နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
Proverbs 21:13ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
Isaiah 15:8မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-
Jeremiah 31:15ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။
Amos 5:17စပျစ်ခြံတိုင်းမှငိုကြွေးသံများပေါ် ထွက်လာမည်။ ငါသည်သင်တို့ကိုအပြစ် ပေးရန်ကြွလာပြီးဖြစ်သောကြောင့် ဤသို့ ဖြစ်ရလိမ့်မည်'' ဟုထာဝရဘုရားမိန့် တော်မူ၏။
Luke 13:28သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-