ထွက်မြောက်ရာကျမ်း 12:29
သန်းခေါင်အချိန်တွင်ထာဝရဘုရားသည် အီဂျစ်ဘုရင်၏နန်းလျာသားဦးမှစ၍ ထောင်တွင်းရှိ အကျဉ်းသမားသားဦးတိုင် အောင်အီဂျစ်ပြည်ရှိသားဦးမှန်သမျှကို လည်းကောင်း၊ တိရစ္ဆာန်တို့၏သားဦးဟူသမျှ ကိုလည်းကောင်းသေဒဏ်စီရင်တော်မူ၏။-
Common Language Bible
In The King James Version
In Context
28ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Genesis 15:14သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
Exodus 9:6နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
Exodus 11:4ထိုနောက်မောရှေကဘုရင်အား``ထာဝရ ဘုရားက `သန်းခေါင်ယံအချိန်တွင် ငါသည် အီဂျစ်ပြည်သားတို့ထံသို့ကြွလာ၍၊-
Exodus 13:15အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
Numbers 8:17ငါသည်အီဂျစ်ပြည်တွင်သားဦးအပေါင်း တို့ကိုသေဒဏ်ခတ်ခဲ့စဉ်က ဣသရေလ အမျိုးသားတို့၏သားဦးများနှင့်တိရစ္ဆာန် သားဦးပေါက်များကို ငါပိုင်ဆိုင်ရာအဖြစ် သီးသန့်ရွေးချယ်ခဲ့၏။-
Job 34:20တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ် ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။