ထွက်မြောက်ရာကျမ်း 12:36
အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Genesis 15:14သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
Exodus 3:21``အီဂျစ်အမျိုးသားတို့ကငါ၏လူမျိုး တော်အား စေတနာမေတ္တာရှိလာစေရန်ငါ ပြုမည်ဖြစ်သောကြောင့်၊ သင်တို့ထိုပြည်မှ ထွက်ခွာရသောအခါလက်ချည်းသက် သက်မထွက်ခွာရ။-
Ezra 1:6ထိုသူတို့ပတ်ဝန်းကျင်ရှိလူတို့သည် သူတို့အားငွေထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်တင်တိရစ္ဆာန်၊ အခြားအဖိုးထိုက်ပစ္စည်းများနှင့်ဗိမာန်တော်အတွက် အလှူဒါနများကိုပေးအပ်ကူညီကြလေသည်။
Proverbs 16:7လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
Acts 2:47သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။