ထွက်မြောက်ရာကျမ်း 12:48
လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
Common Language Bible
In The King James Version
In Context
47ဣသရေလအမျိုးတစ်မျိုးလုံးသည်ထိုပွဲ တော်ကိုကျင်းပရမည်။-
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Exodus 12:43ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။-
Numbers 9:14``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
Ezekiel 44:9``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။
Galatians 3:28သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-