ထွက်မြောက်ရာကျမ်း 12:5
သင်တို့သည်သိုးသို့မဟုတ်ဆိတ်ကိုရွေးယူ နိုင်သည်၊ သို့သော်ထိုတိရစ္ဆာန်သည်အပြစ်အနာ ကင်းသောတစ်နှစ်သားအထီးဖြစ်ရမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 12
Cross References
Leviticus 1:3နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
1 Samuel 13:1ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။
Malachi 1:14``မိမိ၏သိုးအုပ်တွင်အပြစ်အနာကင်း သည့်သိုးများရှိပါလျက် ငါ့အားလိမ်လည် လှည့်စား၍အသုံးမကျသည့်ယဇ်ကောင် ကိုပူဇော်ဆက်သသူသည်ကျိန်စာသင့်ပါ စေသတည်း။ အဘယ်ကြောင့်ဆိုသော်ငါသည် ကြီးမြတ်သည့်ဘုရင်ဖြစ်တော်မူ၍ ငါ၏ နာမတော်ကိုလူမျိုးတကာတို့ကြောက်ရွံ့ ရိုသေရသောကြောင့်တည်း'' ဟုအနန္တတန် ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။
Hebrews 9:13ဆိတ်သွေး၊ နွားသွေး၊ နွားမကလေး၏ပြာတို့ ကိုညစ်ညမ်းသူတို့၏အပေါ်ပက်ဖျန်းသဖြင့် အညစ်အကြေးများကိုဆေးကြောသုတ်သင် ကာလူတို့အားသန့်စင်နိုင်စွမ်းရှိပါလျှင်၊-