ထွက်မြောက်ရာကျမ်း 13:5
ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-
Common Language Bible
In The King James Version
In Context
4သင်တို့သည်အဗိဗလခေါ်သောပထမလ အတွင်း ဤနေ့ရက်တွင်အီဂျစ်ပြည်မှထွက် ခွာလာရကြ၏။-
Read all of ထွက်မြောက်ရာကျမ်း 13
Cross References
Genesis 15:18ထိုအချိန်ထိုနေရာ၌ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူ၏။ ထာဝရ ဘုရားက၊-
Genesis 22:16``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
Genesis 50:24ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
Exodus 3:17ငါသည်သင်တို့နှိပ်စက်ညှင်းဆဲခြင်းခံရ သောအီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင် ၍၊ ခါနာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့ နေထိုင်ရာပြည်သို့ပို့ဆောင်မည်။ ထိုပြည်သည် မြေသြဇာထက်သန်၍အစာရေစာပေါ ကြွယ်ဝ၏ ဟူ၍မိန့်တော်မူကြောင်းပြော ပြလော့။
Exodus 6:8အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
Exodus 13:11``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့၏ဘိုး ဘေးတို့အားပေးမည်ဟု ခိုင်မြဲသောကတိသစ္စာ ထားသောခါနာန်ပြည်သို့သင်တို့ကိုပို့ဆောင် လိမ့်မည်။ ထိုပြည်သို့ရောက်သောအခါ၊-