ထွက်မြောက်ရာကျမ်း 14:26
ထာဝရဘုရားကမောရှေအား``သင်၏လက် ကိုပင်လယ်ပေါ်သို့ဆန့်၍ အီဂျစ်အမျိုးသား နှင့်သူတို့၏ရထားတပ်၊ မြင်းတပ်တို့အပေါ် သို့ရေပြန်၍စီးစေလော့'' ဟုမိန့်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 14
Cross References
Exodus 7:19တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
Exodus 14:16သင်၏တောင်ဝှေးကိုကိုင်၍ပင်လယ်ပေါ်တွင် လက်ကိုဆန့်လော့။ ထိုအခါပင်လယ်ရေသည် နှစ်ခြမ်းကွဲသဖြင့် ဣသရေလအမျိုးသား တို့သည်ခြောက်သွေ့သောမြေပေါ်မှာဖြတ် ၍လျှောက်သွားရကြမည်။-
Exodus 15:4``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
Matthew 7:2သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
James 2:13ဘုရားသခင်သည်သနားကရုဏာမရှိသူ အားသနားကရုဏာကင်းမဲ့စွာတရားစီရင် တော်မူလိမ့်မည်။ သို့ရာတွင်သနားခြင်းကရုဏာ ရှိသူသည်တရားစီရင်ခြင်းကိုကြောက်လန့် ရန်မလိုပေ။