ထွက်မြောက်ရာကျမ်း 14:27
သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 14
Cross References
Exodus 14:21မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
Deuteronomy 11:4အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-
Joshua 24:7ငါ့ထံသို့အော်ဟစ်၍အကူအညီတောင်းခံ ကြသည်။ ထိုအခါငါသည်သူတို့နှင့်အီဂျစ် တပ်သားများအကြားတွင်အမှောင်ထုကို ကျစေ၏။ ရန်သူများအပေါ်သို့ပင်လယ်ရေ လွှမ်းစေသဖြင့် သူတို့သည်ရေနစ်သေဆုံး ကြကုန်၏။ ငါသည်အီဂျစ်ပြည်အားမည်ကဲ့ သို့ဆုံးမခဲ့သည်ကိုသင်တို့သိကြ၏။ ```သင်တို့သည်တောကန္တာရတွင်ကြာမြင့်စွာနေ ထိုင်ခဲ့ရကြ၏။-
Psalms 78:53ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာ ပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။ သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
Hebrews 11:29ယုံကြည်ခြင်းအားဖြင့်ဣသရေလအမျိုးသား တို့သည်ကုန်းလမ်းခရီးပြုသည့်အလားပင် လယ်နီကိုဖြတ်ကျော်ကြ၏။ အီဂျစ်အမျိုးသား တို့ ယင်းသို့ဖြတ်ကျော်ကြသောအခါမူရေနစ်၍ သေဆုံးကြကုန်၏။