ထွက်မြောက်ရာကျမ်း 14:28
ရေသည်ပုံမှန်အတိုင်းပြန်စီးသဖြင့်ပင် လယ်ထဲသို့ဆင်းလိုက်လာကြသောရထား တပ်၊ မြင်းတပ်နှင့်အီဂျစ်ဘုရင်၏တပ်အား လုံးတို့သည်တစ်ယောက်မျှမကျန်ရေနစ်၍ သေကုန်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 14
Cross References
Genesis 50:9ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
Exodus 15:10သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။ သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။
2 Chronicles 20:24ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။
Psalms 78:53ကိုယ်တော်သည်သူတို့အားဘေးမဲ့လုံခြုံစွာ ပို့ဆောင်တော်မူသည်ဖြစ်၍သူတို့သည် မကြောက်မလန့်ကြ။ သို့ရာတွင်ပင်လယ်ရေသည်သူတို့၏ရန်သူများကို လွှမ်းမိုးလေ၏။
Psalms 106:11သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။ တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
Psalms 136:15ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။