ထွက်မြောက်ရာကျမ်း 14:3
အီဂျစ်ဘုရင်က`ဣသရေလအမျိုးသား တို့သည် တောကန္တာရဝန်းရံလျက်ရှိသော အရပ်တွင်လှည့်လည်လျက်ရှိကြသည်' ဟု ထင်လိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 14
Cross References
Deuteronomy 31:21ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
1 Samuel 23:7ကိလမြို့သို့ဒါဝိဒ်ရောက်ကြောင်းကိုရှောလု ကြားလျှင်``ထာဝရဘုရားသည်ဒါဝိဒ်အား ငါ၏လက်သို့အပ်တော်မူပြီ။ ဒါဝိဒ်သည်မြို့ ရိုးနှင့်မြို့တံခါးအခိုင်အမာရှိသည့်မြို့ထဲ သို့ရောက်ခြင်းအားဖြင့် ထောင်ချောက်တွင်း သို့သက်ဆင်းလေပြီ'' ဟုဆို၏။-
Psalms 3:2သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
Psalms 139:2ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
Jeremiah 20:10ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
Ezekiel 38:17နောင်အခါ၌ငါသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန်အတွက်လူတစ်ဦးကိုစေ လွှတ်မည်ဟုလွန်လေပြီးသောအခါက ပရောဖက်များမှတစ်ဆင့်ငါမြွက်ကြားရာ ၌သင့်ကိုရည်စူး၍မိန့်တော်မူကြောင်းဂေါဂ အားပြောကြားလော့၊ ထိုအချိန်ကပရော ဖက်များက ငါသည်သင့်ကိုသူတို့အား တိုက်ခိုက်စေမည်ဟုနှစ်ပေါင်းကြာရှည်စွာ ဟောပြောခဲ့သည်'' ဟုမိန့်တော်မူ၏။ ဤ ကားထာဝရဘုရားသခင်မိန့်တော်မူ သောစကားဖြစ်၏။