ထွက်မြောက်ရာကျမ်း 15:21
မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 15
Cross References
Exodus 15:4``ကိုယ်တော်သည်အီဂျစ်ဘုရင်၏ရထား တပ်နှင့် စစ်တပ်ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏။ သူ၏လက်ရွေးစင်စစ်ဗိုလ်တို့သည်ပင်လယ် နီထဲ၌ ရေနစ်သေဆုံးကုန်၏။
1 Samuel 18:7ယင်းသို့အောင်ပွဲကျင်းပရာ၌အမျိုးသမီး တို့က``ရှောလုသတ်သူအထောင်ထောင်၊ ဒါဝိဒ် သတ်သူအသောင်းသောင်း'' ဟုသီဆိုကြ လေသည်။-
Psalms 24:7မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော်မူ မည်။
Isaiah 5:1နားထောင်လော့။ ငါ၏မိတ်ဆွေနှင့်သူ၏စပျစ်ဥယျာဉ်အကြောင်း ဤသီချင်းကိုသင့်အားငါသီဆို၍ပြမည်။ အလွန်မြေသြဇာကောင်းသည့် တောင်ကုန်းတစ်ခုပေါ်တွင်၊ ငါ့မိတ်ဆွေ၏စပျစ်ဥယျာဉ်တစ်ခုရှိ၏။
Revelation 7:10သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။-
Revelation 15:3သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။