The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 15 › ထွက်မြောက်ရာကျမ်း 15:7

ထွက်မြောက်ရာကျမ်း 15:7

ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော်​ဖြင့် ရန်​သူ​များ​ကို ချေ​မှုန်း​တော်​မူ​ပါ​၏။ ကိုယ်​တော်​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့ တောက်​လောင်​၍ သူ​တို့​ကို​ကောက်​ရိုး​ကဲ့​သို့​လောင်​ကျွမ်း​စေ​ပါ​၏။

Common Language Bible

In The King James Version

And in the greatness of thine excellency thou hast overthrown them that rose up against thee: thou sentest forth thy wrath, which consumed them as stubble.

In Context

6``အို ထာ​ဝ​ရ​ဘု​ရား၊ လက်​ယာ​လက်​တော်​၏​အ​စွမ်း​တန်​ခိုး​တော် သည် အံ့​သြ​ကြောက်​မက်​ဖွယ်​ဖြစ်​ပါ​၏။ လက်​ရုံး​တော်​ဖြင့်​ရန်​သူ​ကို​ချေ​မှုန်း​တော်​မူ ပါ​၏။

8ကိုယ်​တော်​သည်​ပင်​လယ်​ရေ​ကို​မှုတ်​တော်​မူ​သ​ဖြင့်၊ ရေ​သည်​ကြွ​တက်​လာ​၍​တံ​တိုင်း​ကဲ့​သို့ တည့်​မတ်​လျက်​နေ​ပါ​၏။ ပင်​လယ်​အောက်​ခြေ​သည်​လည်း​ခိုင်​မာ​လျက် နေ​၏။

Read all of ထွက်မြောက်ရာကျမ်း 15

Cross References

Exodus 5:12ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-

Deuteronomy 33:26ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား သခင်​နှင့် နှိုင်း​ယှဉ်​အပ်​သော​အ​ခြား​ဘုရား​မ​ရှိ။ ကိုယ်​တော်​သည်​ဘုန်း​ကျက်​သ​ရေ​ကို​ဆောင်​လျက် မိုး​တိမ်​ကို​စီး​၍၊ကောင်း​ကင်​ကို​ဖြတ်​ကျော်​ပြီး​လျှင် သင်​တို့​ကို​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၏။

Psalms 59:13ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။

Psalms 78:49ကိုယ်​တော်​သည်​သူ​တို့​အား​ပြင်း​ထန်​သော အ​မျက်​တော်​ထွက်​တော်​မူ​၏။ အ​မျက်​တော်​သည်​သေ​မင်း​၏​တ​မန်​များ​သ​ဖွယ် သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​၏။

Psalms 148:13ယင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော် အား ထော​မ​နာ​ပြု​ကြ​စေ။ ကိုယ်​တော်​၏​နာ​မ​တော်​သည်​နာ​မ​ရှိ​သ​မျှ​ထက် ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း​ကင်​အ​ထက် ၌​ရှိ​၏။

Isaiah 5:24ထို့​ကြောင့်​ကောက်​ရိုး​နှင့်​မြက်​ခြောက်​တို့​သည် မီး လျှံ​တွင်​တွန့်​လိမ်​လောင်​ကျွမ်း​သွား​သ​ကဲ့​သို့၊ သင်​တို့​၏​အ​မြစ်​များ​သည်​ဆွေး​မြေ့​လျက် အ​ပွင့်​များ​သည်​လည်း​ခြောက်​သွေ့​လွင့်​စင်​လျက် သွား​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့ သည်​ငါ​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​ဟော​ပြော​သွန်​သင်​တော်​မူ သည့်​တ​ရား​တော်​ကို​ပစ်​ပယ်​ကြ​သော​ကြောင့် ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 15:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 15:6ထွက်မြောက်ရာကျမ်း 15ထွက်မြောက်ရာကျမ်း 15:8 →