ထွက်မြောက်ရာကျမ်း 16:23
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 16
Cross References
Exodus 20:8``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
Exodus 31:15သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
Leviticus 23:3သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
Numbers 11:8ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။)
Luke 23:56ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။ သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။