ထွက်မြောက်ရာကျမ်း 16:8
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 16
Cross References
Exodus 16:9မောရှေကအာရုန်အား``ဣသရေလအမျိုး သားတို့ကို ထာဝရဘုရား၏ရှေ့တော်သို့ လာရောက်ကြရန်ဆင့်ဆိုလော့။ ကိုယ်တော် သည်သူတို့၏အပြစ်တင်ညည်းညူသံ ကိုကြားရပြီ'' ဟုဆိုလေ၏။-
Numbers 11:18ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-
Numbers 21:7ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
Isaiah 32:6လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
Matthew 9:4သခင်ယေရှုသည်ထိုသူတို့တွေးတောပုံကိုသိ မြင်တော်မူသဖြင့် ``သင်တို့သည်အဘယ်ကြောင့် ဤသို့မှားယွင်းစွာတွေးတောနေကြသနည်း။-
Luke 10:16သခင်ယေရှုသည်တပည့်တော်တို့အား ``သင်တို့ ၏စကားကိုနားထောင်သူသည်ငါ့စကားကို နားထောင်၏။ သင်တို့ကိုပစ်ပယ်သူသည်ငါ့ကို ပစ်ပယ်၏။ ငါ့ကိုပစ်ပယ်သူသည်ငါ့ကိုစေလွှတ် တော်မူသောအရှင်ကိုပစ်ပယ်သည်'' ဟုမိန့် တော်မူ၏။