The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 17 › ထွက်မြောက်ရာကျမ်း 17:7

ထွက်မြောက်ရာကျမ်း 17:7

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​ပါ​သ​လား'' ဟု​မေး​လျက်​မော​ရှေ​အား​ညည်း​ညူ​၍​ထာ​ဝ​ရ ဘု​ရား​ကို​စုံ​စမ်း​ကြ​သ​ဖြင့် ထို​အ​ရပ်​ကို``မ​ဿာ'' ဟူ​၍​လည်း​ကောင်း``မေ​ရိ​ဘ'' ဟူ​၍​လည်း​ကောင်း ခေါ်​ဝေါ်​သ​မုတ်​ကြ​သ​တည်း။

Common Language Bible

In The King James Version

And he called the name of the place Massah, and Meribah, because of the chiding of the children of Israel, and because they tempted the LORD, saying, Is the LORD among us, or not?

In Context

6သိ​နာ​တောင်​၌​ရှိ​သော​ကျောက်​ဆောင်​အ​နီး တွင်​ငါ​ရပ်​နေ​မည်။ သင်​သည်​ကျောက်​ဆောင် ကို​ရိုက်​လော့။ ထို​ကျောက်​ဆောင်​မှ​လူ​တို့ သောက်​ရန်​ရေစီး​ထွက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​ရှေ့​မှောက်​တွင် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ကျောက် ဆောင်​ကို​ရိုက်​လေ​၏။

8အာ​မ​လက်​အ​မျိုး​သား​တို့​သည် ရေ​ဖိ​ဒိမ် အ​ရပ်​သို့​လာ​ရောက်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ကြ​၏။-

Read all of ထွက်မြောက်ရာကျမ်း 17

Cross References

Exodus 34:9``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

Numbers 20:24``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-

Deuteronomy 9:22``သင်​တို့​သည်​တ​ဗေ​ရ​အ​ရပ်၊ မ​ဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟတ္တ​ဝါ​အ​ရပ်​တို့​၌​ရှိ​စဉ်​က​လည်း ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​တော်​ထွက်​စေ ခဲ့​ကြ​သည်။-

Deuteronomy 33:8လေ​ဝိ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ​သည်။ ``အို ထာ​ဝရ​ဘု​ရား​ကိုယ်​တော်​၏​အ​လို​တော်​ကို ကိုယ်​တော်​အား​သစ္စာ​စောင့်​သော​အ​စေ​ခံ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှ​တစ်​ဆင့် သု​မိမ်​နှင့်​ဥ​ရိမ် အား​ဖြင့်​ဖော်​ပြ​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​မ​ဿာ​အ​ရပ်​တွင်​သူ​တို့​၌ သစ္စာ​ရှိ​သည်​မ​ရှိ​သည်​ကို​စစ်​ဆေး​၍ မေ​ရိ​ဘ​စမ်း​၌​သူ​တို့​သစ္စာ​ရှိ​သည်​ကို သိ​မြင်​တော်​မူ​ပါ​သည်။

Psalms 78:18သူ​တို့​သည်​စား​လို​သည့်​အ​စား​အ​စာ​ကို တောင်း​ဆို​ခြင်း​အား​ဖြင့်​တ​မင်​သက်​သက် ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

Psalms 81:8ငါ​၏​လူ​စု​တော်​တို့၊ငါ​သ​တိ​ပေး​သည်​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့၊သင်​တို့​သည်​ငါ့ စ​ကား​ကို နား​ထောင်​ကြ​လော့။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 17:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 17:6ထွက်မြောက်ရာကျမ်း 17ထွက်မြောက်ရာကျမ်း 17:8 →