ထွက်မြောက်ရာကျမ်း 18:1
မိဒျန်ပြည်မှယဇ်ပုရောဟိတ်ဖြစ်သူမောရှေ ၏ယောက္ခမယေသရောသည် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်တော်မူ ခဲ့စဉ်က မောရှေနှင့်ဣသရေလအမျိုးသား တို့အားထာဝရဘုရားမည်ကဲ့သို့ကျေးဇူး ပြုတော်မူကြောင်းကိုကြားသိရ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 18
Cross References
Exodus 2:21မောရှေသည်ယေသရောနှင့်အတူနေထိုင်၍၊ ယေသရော၏သမီးဇိပေါရနှင့်အိမ်ထောင် ဘက်ပြုလေ၏။-
Exodus 4:18မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
Numbers 10:29မောရှေသည်မိဒျန်အမျိုးသားယေသရော ၏သား မိမိ၏ယောက်ဖဟောဗပ်အား``ထာဝရ ဘုရားကငါတို့အားပေးမည်ဟုကတိထား တော်မူသောပြည်သို့ ငါတို့ယခုသွားကြမည်။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား ကြီးပွားစေမည်ဟူ၍ ကတိတော်ရှိ သဖြင့်ငါတို့နှင့်အတူလိုက်ခဲ့ပါလော့။ သင် သည်ငါတို့နှင့်အကျိုးတူခံစားခွင့်ရလိမ့် မည်'' ဟုဆိုလေ၏။
Joshua 9:9ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
Judges 4:11ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။