ထွက်မြောက်ရာကျမ်း 18:14
လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။
Common Language Bible
In The King James Version
In Context
15မောရှေက``သူတို့သည်ဘုရားသခင်၏ အလိုတော်ကိုသိလို၍ ကျွန်ုပ်ထံသို့လာ ကြပါ၏။-
Read all of ထွက်မြောက်ရာကျမ်း 18
Cross References
Numbers 15:34သူ့အားမည်ကဲ့သို့စီရင်ရမည်ကိုမသိ သဖြင့်ချုပ်နှောင်ထားကြသည်။-
2 Samuel 15:2သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-