ထွက်မြောက်ရာကျမ်း 18:23
ထာဝရဘုရားမိန့်တော်မူသည်နှင့်အညီ ဤနည်းအတိုင်းဆောင်ရွက်လျှင် သင်သည်ပင် ပန်းနွမ်းရိလိမ့်မည်မဟုတ်။ ဤလူအပေါင်း တို့သည်လည်းအမှုအခင်းများပြီးပြတ် လျက် မိမိတို့နေအိမ်သို့ပြန်နိုင်ကြလိမ့် မည်'' ဟုအကြံပေးသည်။
Common Language Bible
In The King James Version
In Context
24မောရှေသည်ယေသရောအကြံပေးသည့် အတိုင်း လိုက်နာဆောင်ရွက်လေ၏။-
Read all of ထွက်မြောက်ရာကျမ်း 18
Cross References
Genesis 21:10ထိုအခြင်းအရာကိုမြင်လျှင်စာရာက``ဤကျွန်မ နှင့်သူ၏သားကိုနှင်ပစ်ပါ။ ကျွန်မ၏သားဣဇာက် ဆက်ခံရမည့်အမွေဥစ္စာကိုဤကျွန်မ၏သား ပါဝင်ခံစားခွင့်မရှိရ'' ဟုအာဗြဟံအား ပြောလေသည်။
Exodus 16:29ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
1 Samuel 8:6ယင်းသို့ဘုရင်ခန့်ထားပေးရန်လူတို့တောင်း ဆိုကြသည်ကို ရှမွေလမနှစ်သက်သဖြင့် ထာဝရဘုရားထံတော်သို့ဆုတောင်းပတ္ထ နာပြုလေ၏။-
2 Samuel 18:3လူတို့က``အရှင်၊ အကျွန်ုပ်တို့နှင့်အတူ ကြွတော်မမူပါနှင့်။ အကယ်၍အကျွန်ုပ် တို့အားလုံးပင်တပ်လန့်ထွက်ပြေးကြ သော်လည်းကောင်း၊ အကျွန်ုပ်တို့အနက် ထက်ဝက်မျှပင်ကျဆုံးသွားသော်လည်း ကောင်း၊ ရန်သူအတွက်အဘယ်သို့မျှ ထူးခြားမှုရှိမည်မဟုတ်ပါ။ အရှင် သည်ကားအကျွန်ုပ်တို့လူတစ်သောင်း လောက်တန်ဖိုးရှိပါ၏။ အရှင်သည်မြို့ ထဲတွင်နေရစ်၍အကျွန်ုပ်တို့အားစစ် ကူပို့ပေးပါကပို၍ကောင်းပါလိမ့် မည်'' ဟုလျှောက်ထားကြ၏။
2 Samuel 21:17ဒါဝိဒ်၏လူတို့သည်မင်းကြီးအား နောက် တစ်ဖန်မိမိတို့နှင့်အတူစစ်ပွဲသို့လိုက် တော်မမူရန်ကတိပြုစေကြ၏။ သူတို့ က``အရှင်သည်ဣသရေလအမျိုးသား တို့၏မျှော်လင့်ရာဖြစ်တော်မူပါ၏။ အကျွန်ုပ် တို့သည်အရှင့်အားဘေးမရောက်စေလိုပါ'' ဟုလျှောက်ထားကြ၏။
Galatians 2:2ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-