ထွက်မြောက်ရာကျမ်း 18:7
သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 18
Cross References
Genesis 18:2မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
Genesis 29:13လာဗန်သည်သူ၏တူယာကုပ်၏သတင်းကို ကြားရလျှင်ပြေး၍ သူ့အားဆီးကြိုဖက်ယမ်း နမ်းရှုပ်ပြီးလျှင်နေအိမ်သို့ခေါ်ဆောင်ခဲ့လေ သည်။ ယာကုပ်ကဖြစ်ခဲ့သမျှအကြောင်းကို အကုန်အစင်ပြောပြသောအခါ၊-
Genesis 33:3ယာကုပ်သည်ထိုသူတို့ရှေ့ကသွား၍အစ်ကို ၏အနီးသို့ချဉ်းကပ်မိလျှင် ခုနစ်ကြိမ်ဦးညွှတ် ၍အရိုအသေပြုလေသည်။-
Genesis 45:15ထိုနောက်အစ်ကိုတစ်ယောက်စီကိုလည်းဖက်နမ်း၍ ငိုလေသည်။ ထိုနောက်ညီအစ်ကိုတို့သည်ယောသပ် နှင့်ရင်းနှီးစွာစကားပြောဆိုကြ၏။
Numbers 22:36ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။-
1 Samuel 17:18တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-