ထွက်မြောက်ရာကျမ်း 19:2
သူတို့သည်ရေဒိမ်အရပ်မှထွက်ခွာလာပြီး နောက် သိနာတောကန္တာရသို့ဝင်ရောက်ကြ ပြီးတောင်ခြေရင်းတွင်စခန်းချကြသည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 19
Cross References
Exodus 3:1မောရှေသည်သူ၏ယောက္ခမ မိဒျန်ယဇ်ပုရော ဟိတ်ယေသရော၏သိုးဆိတ်များကိုထိန်း ကျောင်းလျက်ရှိစဉ်၊ တောကန္တာရကိုဖြတ်၍ သိုးဆိတ်များကိုမောင်းနှင်လာရာ၊ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ရောက် ရှိလာလေ၏။-
Exodus 17:1ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။-
Exodus 18:5ယေသရောသည်မောရှေ၏ဇနီးနှင့်သား များတို့ကို တောကန္တာရရှိထာဝရဘုရား ၏တောင်တွင်စခန်းချလျက်ရှိသောမောရှေ ထံသို့ခေါ်ဆောင်လာ၏။-
Numbers 33:15သူတို့သည်ရေဖိဒိမ်စခန်းမှဟောရတောင် သို့ သွားသောခရီးလမ်းတွင်ရပ်နားသော စခန်းများနာမည်စာရင်းမှာသိနာတော ကန္တာရ၊ ကိဗြုတ်ဟတ္တဝါသို့မဟုတ်``မွတ်သိပ် ရာသင်္ချိုင်း၊'' ဟာဇရုတ်၊ ရိသမ၊ ရိမ္မုန်ဖာရက်၊ လိဗန၊ ရိဿ၊ ကေဟလာသ၊ ရှာဖာတောင်၊ ဟာရဒ၊ မက္ကလုတ်၊ တာဟတ်၊ တာရ၊ မိသကာ၊ ဟာရှမောန၊ မောသရုတ်၊ ဗင်္ယာကန်၊ ဟောရ ဂိဒ်ဂဒ်၊ ယုမ္ဘာသ၊ ဧဗြောန၊ ဧဇယုန်ဂါဗာ၊ ဇိနတောကန္တာရ(ယင်းသည်ကာဒေရှဖြစ်၏) ဧဒုံပြည်နယ်စပ်ရှိဟောရတောင်တို့ဖြစ် သည်။
Acts 7:38သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။