The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 19 › ထွက်မြောက်ရာကျမ်း 19:5

ထွက်မြောက်ရာကျမ်း 19:5

သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-

Common Language Bible

In The King James Version

Now therefore, if ye will obey my voice indeed, and keep my covenant, then ye shall be a peculiar treasure unto me above all people: for all the earth is mine:

In Context

4``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-

6သင်​တို့​သည်​ငါ့​အ​တွက်​သီး​သန့်​ထား​သော လူ​မျိုး၊ ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သော ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော​လော့'' ဟု​မိန့်​တော်​မူ​၏။-

Read all of ထွက်မြောက်ရာကျမ်း 19

Cross References

Exodus 9:29ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-

Exodus 23:22သို့​ရာ​တွင်​သင်​တို့​သည်​သူ့​စ​ကား​ကို​နား ထောင်​၍ ငါ​မိန့်​မှာ​သ​မျှ​အ​တိုင်း​ပြု​လုပ်​လျှင် ငါ​သည်​သင်​တို့​၏​ရန်​သူ​အ​ပေါင်း​ကို​တိုက် ခိုက်​၍ သင့်​အား​ဆန့်​ကျင်​သူ​အ​ပေါင်း​ကို ဆန့်​ကျင်​မည်။-

Exodus 34:9``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

Deuteronomy 4:20သင်​တို့​သည်​ကား​မီး​ပြင်း​ဖို​သ​ဖွယ်​ဖြစ် သော​အီ​ဂျစ်​ပြည်​ထဲ​မှ ထာ​ဝ​ရ​ဘု​ရား​ထုတ် ဆောင်​ခဲ့​သော​လူ​မျိုး​ဖြစ်​၏။ ကိုယ်​တော်​၏​လူ မျိုး​တော်​ဖြစ်​စေ​ရန် သင်​တို့​ကို​ထုတ်​ဆောင်​ခဲ့ တော်​မူ​၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ကိုယ်​တော် ၏​လူ​မျိုး​တော်​အ​ဖြစ် ယ​နေ့​ရပ်​တည်​လျက် ရှိ​ကြ​သည်။-

Deuteronomy 7:6သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပိုင်​သော​ကြောင့်​ထို​သို့​ဆောင်​ရွက်​ရ မည်။ ကမ္ဘာ​ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့ အ​နက် သင်​တို့​ကို​မိ​မိ​၏​အ​ထူး​လူ​မျိုး တော်​အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​၏။''

Deuteronomy 10:14ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​အ​ထက် ဘ​ဝဂ်​ကို​ပင်​ပိုင်​တော်​မူ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့် မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​အ​ရာ​ခပ်​သိမ်း​တို့ ကို​လည်း​ပိုင်​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 19:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 19:4ထွက်မြောက်ရာကျမ်း 19ထွက်မြောက်ရာကျမ်း 19:6 →