ထွက်မြောက်ရာကျမ်း 2:6
ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 2
Cross References
Exodus 1:22သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
Nehemiah 1:11အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
Proverbs 21:1ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
1 Peter 3:8နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-