ထွက်မြောက်ရာကျမ်း 20:25
သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 20
Cross References
Exodus 24:4မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။-
Joshua 8:31ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-