ထွက်မြောက်ရာကျမ်း 20:8
``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
Common Language Bible
In The King James Version
Remember the sabbath day, to keep it holy.
In Context
9သင်သည်ခြောက်ရက်ပတ်လုံးအလုပ်ကိုလုပ် လော့။-
Read all of ထွက်မြောက်ရာကျမ်း 20
Cross References
Exodus 16:23မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
Exodus 31:12တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။-
Exodus 35:1မောရှေသည် ဣသရေလအမျိုးသားအ ပေါင်းတို့ကိုစုရုံးစေ၍``သင်တို့လိုက်နာရန် ထာဝရဘုရား ဤသို့ပညတ်တော်မူသည်။-
Leviticus 19:30ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
Leviticus 26:2ဘာသာရေးပွဲတော်များကိုကျင်းပ၍ ငါ့ အားကိုးကွယ်ရာဌာနတော်ကိုရိုသေရ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ၏။''
Nehemiah 9:14ကိုယ်တော်သည်သူတို့အားဥပုသ်တော်နေ့ကို နေ့မြတ်အဖြစ်စောင့်ထိန်းရန်သွန်သင်တော်မူ၍ ပညတ်တော်များကိုကိုယ်တော်၏အစေခံ မောရှေမှတစ်ဆင့်ပေးအပ်တော်မူပါ၏။