ထွက်မြောက်ရာကျမ်း 21:26
``သခင်ကကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ ၏မျက်စိကိုရိုက်သဖြင့် မျက်စိပျက်လျှင်မျက်စိ အတွက်လျော်ကြေးအဖြစ်ကျွန်ကိုလွတ်မြောက် ခွင့်ပေးစေ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 21
Cross References
Exodus 21:20``တစ်စုံတစ်ယောက်သောသူသည် ကျွန်ယောကျာ်း ကိုဖြစ်စေ၊ ကျွန်မိန်းမကိုဖြစ်စေတုတ်နှင့် ရိုက်သဖြင့်၊ ထိုကျွန်သေလျှင်ထိုသူသည် အပြစ်ဒဏ်ကိုခံစေရမည်။-
Deuteronomy 16:19တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
Job 31:13ငါ့ကျွန်နှင့်ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေမိလျှင်၊
Psalms 10:14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
Psalms 72:12မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။
Ephesians 6:9သခင်တို့၊ ခြိမ်းခြောက်မှုကိုမပြုဘဲထိုနည်းတူပင် ကျွန်များနှင့်ဆက်ဆံကြလော့။ သင်တို့နှင့်သင်တို့၏ ကျွန်များမှာကောင်းကင်ဘုံတွင်သခင်တစ်ပါးတည်း ရှိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည်မျက်နှာ ကြီးငယ်လိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။