ထွက်မြောက်ရာကျမ်း 22:25
``သင်တို့သည်ငါ၏လူမျိုးတော်ထဲမှဆင်းရဲ သောသူတို့အား ငွေချေးလျှင်၊ ငွေချေးစားသူ ကဲ့သို့အတိုးမယူရ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 22
Cross References
Leviticus 25:35သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။-
Deuteronomy 24:13သူသည်ထိုအင်္ကျီကိုဝတ်၍အိပ်နိုင်ရန်ည နေတိုင်းပြန်ပေးလော့။ ထိုအခါသူသည် သင့်အားကျေးဇူးတင်လိမ့်မည်။ သင်၏ ဘုရားသခင်ထာဝရဘုရားသည်လည်း သင့်ကိုနှစ်သက်တော်မူလိမ့်မည်။
2 Kings 4:7မုဆိုးမသည်ပရောဖက်ဧလိရှဲထံသို့ပြန် လာသောအခါ ပရောဖက်က``ဆီကိုရောင်းချ၍ အကြွေးရှိသမျှကိုဆပ်ပြီးနောက် ကျန်ငွေဖြင့် သင်နှင့်သားများအသက်မွေးကြလော့'' ဟု ပြော၏။
Nehemiah 5:7အရေးယူဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်လိုက်၏။ ငါသည်ပြည်သူခေါင်းဆောင်များနှင့်အုပ်ချုပ် ရေးမှူးတို့အား``သင်တို့သည်မိမိတို့ညီ အစ်ကိုများကိုနှိပ်စက်ညှဉ်းဆဲလျက်နေကြ ပါသည်တကား'' ဟုပြစ်တင်ပြောဆို၏။ ငါသည်ဤပြဿနာကို ဖြေရှင်းရန်လူထု စည်းဝေးတစ်ရပ်ကိုခေါ်ယူပြီးလျှင်၊-
Psalms 15:5သူသည်အတိုးမယူဘဲမိမိ၏ငွေကို ချေးငှားတတ်၏။ သူသည်တံစိုးလက်ဆောင်ယူ၍အပြစ်မဲ့ သူတို့ ထိခိုက်နစ်နာစေရန်သက်သေမခံတတ်။ ဤသို့သောသူသည်အစဉ်အမြဲဘေး ကင်းလုံခြုံစွာ နေရလိမ့်မည်။
Jeremiah 15:10ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-