ထွက်မြောက်ရာကျမ်း 22:27
သူ၏ကိုယ်ကိုခြုံစရာဟူ၍ထိုခြုံထည်တစ်ခု တည်းသာရှိသည်ဖြစ်သောကြောင့်သူသည်ခြုံ စရာမရှိလျှင်အဘယ်သို့အိပ်နိုင်မည်နည်း။ ငါသည်သနားကြင်နာသောအရှင်ဖြစ်၍ သူသည်ငါ့အားလျှောက်ထားသောအခါ ငါနားညောင်းမည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 22
Cross References
Exodus 2:23ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
1 Kings 2:8``ဗင်္ယာမိန်ပြည်၊ ဗာဟုရိမ်မြို့သားဂေရ၏ သားရှိမိတစ်ယောက်လည်းရှိသေး၏။ မဟာနိမ် မြို့သို့ငါသွားသည့်နေ့ကသူသည်ငါ့ကို ကြမ်းတမ်းစွာကျိန်ဆဲသော်လည်း ယော်ဒန် မြစ်သို့လာ၍ငါ့အားခရီးဦးကြိုပြုသော အခါ၌ ငါသည်သူ့အားကွပ်မျက်မည်မ ဟုတ်ကြောင်းထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ကျိန်ဆိုကတိပြု ခဲ့သည်။-
2 Chronicles 30:9သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
Psalms 72:12မင်းကြီးသည်မိမိအားဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ခိုကိုးရာမဲ့သူတို့ အားလည်းကောင်းကယ်ဆယ်တော်မူ၏။
Psalms 136:10ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။