ထွက်မြောက်ရာကျမ်း 23:11
သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
Common Language Bible
In The King James Version
In Context
10``သင်တို့သည်ခြောက်နှစ်ပတ်လုံးထွန်ယက် စိုက်ပျိုး၍ ထွက်သမျှသီးနှံကိုစုသိမ်းရ မည်။-
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Leviticus 25:11သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
Leviticus 25:22သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
Deuteronomy 15:11သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။''