ထွက်မြောက်ရာကျမ်း 23:15
တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ ငါ မိန့်မှာခဲ့သည့်အတိုင်း အီဂျစ်ပြည်မှထွက်ခဲ့ ရသောအဗိဗလ၌ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။ မည်သူမျှ ပူဇော်သကာမပါဘဲနှင့် ငါ့ထံသို့ချဉ်းကပ် ၍ကိုးကွယ်ဝတ်ပြုခြင်းမပြုရ။
Common Language Bible
In The King James Version
In Context
14``သင်တို့သည်ငါ၏ဂုဏ်တော်ကိုချီးကူးရန် ပွဲကိုတစ်နှစ်လျှင်သုံးကြိမ်ကျင်းပရမည်။-
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Exodus 12:15ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
Exodus 13:3ထိုနောက်မောရှေက ဣသရေလအမျိုးသား တို့အား``ထာဝရဘုရားသည်မဟာတန်ခိုး တော်ဖြင့် သင်တို့ကျွန်ခံရာအီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သောနေ့ရက်ကို သတိရကြလော့။ ဤနေ့ရက်တွင်တဆေး ပါသောမုန့်ကိုမစားရ။-
Exodus 13:6ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားပြီး လျှင် သတ္တမနေ့၌ထာဝရဘုရားပွဲတော် ကိုကျင်းပရမည်။-
Exodus 34:20သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။ ``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
Leviticus 23:6တစ်ဆယ့်ငါးရက်မြောက်နေ့တွင်တဆေးမဲ့ မုန့်ပွဲတော်အစပြုသည်ဖြစ်၍ သင်တို့သည် ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။-
Numbers 9:2``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။-