ထွက်မြောက်ရာကျမ်း 23:18
``ငါ့အားယဇ်ကောင်ပူဇော်သောအခါ တဆေး ပါသောမုန့်နှင့်မပူဇော်ရ။ ဤပွဲတော်များတွင် ငါ့အားပူဇော်သောယဇ်ကောင်၏အဆီကို နောက် တစ်နေ့နံနက်သို့တိုင်အောင်မကြွင်းကျန်စေရ။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Exodus 12:8ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
Exodus 12:15ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
Leviticus 2:11ထာဝရဘုရားအား သင်တို့ဆက်သသော ဘောဇဉ်သကာရှိသမျှတို့တွင် တဆေး မပါစေရ။ ထာဝရဘုရားအားပူဇော် သည့်ဘောဇဉ်သကာတွင် ဘယ်သောအခါ မျှတဆေးသို့မဟုတ်ပျားရည်မပါ စေရ။-
Leviticus 7:15မိတ်သဟာယယဇ်ကောင်ကိုပူဇော်သောနေ့ ၌ အသားကိုအကုန်စားရမည်။ နောက်တစ်နေ့ နံနက်အထိ အသားအကြွင်းအကျန်မရှိ စေရ။