ထွက်မြောက်ရာကျမ်း 23:26
သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Genesis 35:29သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။
Deuteronomy 28:4``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
Job 5:26အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
Job 42:17အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ သော်၊ အနိစ္စ ရောက်လေ၏။ ယောဘဝတ္တုပြီး၏။
Psalms 90:10ကျွန်တော်မျိုးတို့သည်အနှစ်ခုနစ်ဆယ်မျှသာ ရှည်ကြပါ၏။ အကယ်၍အားအင်ပြည့်ဖြိုးသူများဖြစ်ကြပါမူ အနှစ်ရှစ်ဆယ်နေကြရပါ၏။ သို့ရာတွင်ထိုနှစ်ကာလများအတွင်း ကျွန်တော်မျိုးတို့သည်ပူပင်သောကနှင့် ဆင်းရဲဒုက္ခကိုသာလျှင်ခံစားကြရပါ၏။ မကြာမီကွယ်လွန်သဖြင့်ကျွန်တော်မျိုးတို့ ကွယ်ပျောက်ကြရပါ၏။
Psalms 144:13ကျွန်တော်မျိုးတို့၏ကျီများသည်အသီးအနှံ အမျိုးမျိုးဖြင့်ပြည့်လျက်ရှိပါစေသော။ ကွင်းပြင်များရှိသိုးများသည်ထောင်ပေါင်း များစွာသောသိုးငယ်တို့ကိုမွေးဖွားကြ ပါစေသော။