ထွက်မြောက်ရာကျမ်း 23:33
သင်တို့၏ပြည်တွင်သူတို့ကိုနေထိုင်ခွင့်မပေး နှင့်။ သူတို့အားနေထိုင်ခွင့်ပေးလျှင် သူတို့သည် သင်တို့ကိုငါ့အားပြစ်မှားစေလိမ့်မည်။ သင် တို့သည်သူတို့၏ဘုရားများကိုကိုးကွယ် ပါက အမှန်ပင်ပျက်စီးဆုံးရှုံးစေမည့် ထောင်ချောက်ထဲသို့ကျရောက်ကြလိမ့်မည်။''
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 23
Cross References
Deuteronomy 7:2သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကိုသင်တို့လက်သို့အပ်သဖြင့် သူတို့ကိုသင်တို့တိုက်ခိုက်အောင်မြင်သောအခါ ထိုသူအပေါင်းတို့ကိုသတ်ဖြတ်သုတ်သင်ပစ်ရ မည်။ သူတို့နှင့်မိတ်မဖွဲ့ရ။ သူတို့အားမကြင် နာမသနားရ။-
Deuteronomy 12:30ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-
Joshua 10:40ယောရှုသည်တိုင်းပြည်တစ်ခုလုံးကိုတိုက် ခိုက်အောင်မြင်လေသည်။ သူသည်တောင်ပေါ် ဒေသရှိမင်းများ၊ အရှေ့ဘက်တောင်စောင်း နှင့်အနောက်ဘက်တောင်ခြေရှိမင်းများနှင့် တောင်ဘက်ခြောက်သွေ့သောဒေသရှိမင်း အပေါင်းတို့ကိုတိုက်ခိုက်အောင်မြင်လေသည်။ ၎င်းတို့၏ပြည်သူပြည်သားအားလုံးတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ခဲ့လေ သည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အရ ဤသို့ပြုခြင်းဖြစ်သည်။-
Judges 2:2သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-
1 Samuel 18:21``ငါသည်မိခါလကိုဒါဝိဒ်နှင့်စုံဖက်စေမည်။ သူ့အားကျော့ကွင်းသဖွယ်ပြု၍ဒါဝိဒ်ကို ဖိလိတ္တိအမျိုးသားတို့၏လက်ဖြင့်အသတ် ခံရစေမည်'' ဟုဆို၏။-
2 Chronicles 33:9မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။