ထွက်မြောက်ရာကျမ်း 24:14
မောရှေကဣသရေလအမျိုးသားခေါင်းဆောင် တို့အား``ငါတို့ပြန်ရောက်သည့်တိုင်အောင်ဤ အရပ်တွင်စောင့်ဆိုင်းနေကြလော့။ သင်တို့တွင် အငြင်းအခုံတစ်ခုခုပေါ်ပေါက်လျှင် အာရုန် နှင့်ဟုရတို့ထံသွား၍အဆုံးအဖြတ်ခံယူ ကြလော့'' ဟုမှာကြားခဲ့လေသည်။
Common Language Bible
In The King James Version
In Context
15မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။-
Read all of ထွက်မြောက်ရာကျမ်း 24
Cross References
Exodus 17:10ယောရှုသည်မောရှေမှာကြားသည့်အတိုင်း အာမလက်အမျိုးသားတို့ကိုတိုက်ခိုက်ရန် စစ်ချီသွားနေစဉ်မောရှေ၊ အာရုန်နှင့်ဟုရ တို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏။-
Exodus 18:25သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
1 Samuel 10:8သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။