ထွက်မြောက်ရာကျမ်း 24:2
သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 24
Cross References
Exodus 19:12သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
Exodus 24:13ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
Exodus 24:18ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။
Jeremiah 30:21သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Hebrews 9:24စစ်မှန်သောသန့်ရှင်းရာဌာနတော်၏ပုံတူဖြစ် သောလူတို့လက်ဖြင့်တည်ဆောက်သည့်သန့်ရှင်း ရာဌာနတော်သို့ ခရစ်တော်သည်ဝင်တော်မူ သည်မဟုတ်ဘဲကောင်းကင်ဘုံသို့ဝင်တော်မူ၍ ငါတို့ကိုယ်စားဘုရားသခင်၏ရှေ့တော် မှောက်သို့ရောက်ရှိတော်မူ၏။-