ထွက်မြောက်ရာကျမ်း 24:4
မောရှေသည်ထာဝရဘုရားပညတ်သမျှတို့ ကိုရေးထားလေ၏။ နောက်တစ်နေ့နံနက်စောစော တွင်မောရှေသည်တောင်ခြေရင်း၌ယဇ်ပလ္လင်ကို လည်းကောင်း၊ ဣသရေလတစ်ဆယ့်နှစ်မျိုးအတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်ဆောက်လေ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 24
Cross References
Genesis 12:7ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ဤတိုင်းပြည်ကိုသင်၏အဆက်အနွယ်တို့ အားငါပေးမည်'' ဟုမိန့်တော်မူ၏။ ထိုအခါ အာဗြံသည်သူ့အားကိုယ်ထင်ပြသောထာဝရ ဘုရားအတွက်ယဇ်ပလ္လင်ကိုတည်လေ၏။-
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Exodus 17:15မောရှေသည်ယဇ်ပလ္လင်ကိုတည်၍``ထာဝရ ဘုရားသည်ငါ၏အလံဖြစ်၏'' ဟုနာမည် မှည့်လေ၏။-
Exodus 20:25သင်တို့သည်ငါ့အတွက်ကျောက်ဖြင့်ယဇ်ပလ္လင် တည်လျှင် ဆစ်သောကျောက်ဖြင့်မတည်ရ။ သံ ကိရိယာကိုသုံး၍ဆစ်ရသောကျောက်ဖြင့် တည်သောယဇ်ပလ္လင်သည် မသန့်ရှင်းပေ။-
Exodus 34:27ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-
Numbers 17:2``ဣသရေလတစ်ဆယ့်နှစ်နွယ်၏ဦးစီးခေါင်း ဆောင်တို့ထံမှ တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ကျဖြင့် တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကိုသင့် ထံသို့ယူဆောင်လာစေလော့။ ခေါင်းဆောင်တစ် ဦးစီသည်မိမိ၏နာမည်ကိုတောင်ဝှေးပေါ် တွင်ရေးရမည်။-