ထွက်မြောက်ရာကျမ်း 26:36
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 26
Cross References
Exodus 27:16တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
Exodus 35:11တဲတော်နှင့်အမိုးအကာ၊ တဲတော်ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် အောက်ခြေစွပ်များ၊-
Exodus 36:37တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-
Exodus 40:5နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
Numbers 3:25သူတို့သည်တဲတော်နှင့်ဆိုင်သောအတွင်းအမိုး၊ အပြင်အမိုး၊ တံခါးဝရှိကန့်လန့်ကာ၊-
2 Samuel 7:6ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-