ထွက်မြောက်ရာကျမ်း 28:29
``အာရုန်သည်သန့်ရှင်းရာဌာနသို့ဝင်သော အခါ ရင်ဖုံးကိုဝတ်ဆင်ရမည်။ ရင်ဖုံးပေါ် တွင်ဣသရေလအမျိုးများ၏နာမည်များ ပါရှိသဖြင့်၊ ငါထာဝရဘုရားသည်ငါ ၏လူမျိုးတော်ကိုအစဉ်သတိရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 28
Cross References
Exodus 28:12ဣသရေလတစ်ဆယ့်နှစ်မျိုးတို့ကိုသတိရ စေရန် ထိုကျောက်နှစ်လုံးကိုသင်တိုင်း၏ပခုံး သိုင်းကြိုးများပေါ်မှာတပ်ဆင်ရမည်။ ထိုနည်း အားဖြင့်အာရုန်သည်သူတို့၏နာမည်များ ကိုပခုံးပေါ်တွင်ဆောင်ထားသဖြင့် ငါ ထာဝရဘုရားသည်ငါ၏လူမျိုးတော် ကိုအစဉ်သတိရတော်မူလိမ့်မည်။-
Exodus 28:30အာရုန်သည်ငါ၏ရှေ့တော်သို့ဝင်သောအခါ ဥရိမ်နှင့်သုမိမ် ပါဆောင်လျက်ဝင်နိုင်စေရန်၊ သူ၏ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ်ကိုထည့်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ငါ၏အလိုတော် မည်သို့ရှိသည်ကို သိနိုင်ရန်အာရုန်သည်ငါ ၏ရှေ့တော်သို့ဝင်လာသောအခါတိုင်းဤ ရင်ဖုံးကိုဝတ်ဆင်ထားရမည်။
Isaiah 49:15ထာဝရဘုရားက ``မိခင်တစ်ဦးသည်မိမိ၏ရင်ခွင်မှရင် သွေးငယ်ကို မေ့လျော့နိုင်ပါမည်လော။ မိမိကိုယ်ဝန်ဆောင်ခဲ့သောကလေးကိုမချစ်ဘဲ နေနိုင်ပါမည်လော။ မိခင်ဖြစ်သူသည်ကလေးငယ်ကိုမေ့လျော့သည် ဆိုစေဦး၊ ငါသည်သင်တို့ကိုအဘယ်အခါ၌မျှမေ့လျော့ လိမ့်မည်မဟုတ်။
Romans 10:1ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။-