ထွက်မြောက်ရာကျမ်း 29:21
ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Exodus 29:7ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။
Exodus 30:30ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
Leviticus 8:30ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
Leviticus 14:29တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
Isaiah 11:2သူသည်မိမိပြည်သူတို့အားအုပ်စိုးရန် ဉာဏ်ပညာ၊ အသိပညာနှင့်၊ စွမ်းရည်ကို ထာဝရဘုရား၏ဝိညာဉ်တော်တန်ခိုး အားဖြင့်ရလိမ့်မည်။ သူသည်ထာဝရဘုရား၏အလိုတော်ကိုသိ၍ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေလိမ့်မည်။
John 17:19သူတို့သည်အမှုတော်ဆောင်ရန်အတွက်မိမိ တို့ကိုယ်ကိုအမှန်ဆက်ကပ်သူများဖြစ်လာ ကြစေရန် အကျွန်ုပ်သည်သူတို့၏အကျိုးကို ထောက်၍မိမိကိုယ်ကိုဆက်ကပ်ပါ၏။''