ထွက်မြောက်ရာကျမ်း 29:38
``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
Common Language Bible
In The King James Version
In Context
39နံနက်တွင်တစ်ကောင်၊ ညနေတွင်တစ်ကောင် ပူဇော်ရမည်။-
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Leviticus 9:17ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-)
1 Chronicles 16:40သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
2 Chronicles 2:4ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
2 Chronicles 29:7သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
Ezra 3:3သူတို့သည်ထိုပြည်တွင်နေထိုင်သူအခြား အမျိုးသားတို့ကိုကြောက်သော်လည်း ယဇ် ပလ္လင်ကိုအဟောင်း၌ပင်ပြန်လည်တည်ဆောက် ကြလေသည်။ ထိုနောက်နံနက်နှင့်ညဥ့်ဦးတွင် ပူဇော်နေကျဖြစ်သည့်မီးရှို့ရာယဇ်တို့ကို စတင်ပူဇော်ကြ၏။-
Ezekiel 46:13ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-