ထွက်မြောက်ရာကျမ်း 3:20
ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 15:14သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
Exodus 6:6ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
Exodus 9:15အကယ်၍ငါသည်တန်ခိုးတော်ဖြင့် သင်နှင့် သင်၏လူမျိုးကိုရောဂါဘေးသင့်စေခဲ့ပါမူ သင်တို့အားလုံးပင်သေကျေပျက်စီးကုန် မည်ဖြစ်သည်။-
Exodus 11:8ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
Exodus 12:39သူတို့သည်အီဂျစ်ပြည်မှယူဆောင်ခဲ့သော တဆေးမရောသည့်မုန့်စိမ်းဖြင့်မုန့်ဖုတ်ကြ ၏။ အီဂျစ်ပြည်မှသူတို့အားရုတ်တရက် နှင်ထုတ်လိုက်ကြသည်ဖြစ်ခြင်းကြောင့် မုန့် စိမ်း၌တဆေးရောရန်အချိန်မရခဲ့ ကြချေ။
Deuteronomy 6:22ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-