ထွက်မြောက်ရာကျမ်း 30:20
သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 30
Cross References
Leviticus 10:1အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
1 Samuel 6:19ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
Psalms 89:7ကိုယ်တော်ရှင်သည်သန့်ရှင်းသူတို့၏ကောင်စီတွင် ရိုသေလေးမြတ်ခြင်းကိုခံရပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားလွန်စွာ ကြောက်ရွံ့ရိုသေကြပါ၏။
Acts 5:10ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။-