ထွက်မြောက်ရာကျမ်း 32:12
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 32
Cross References
Exodus 32:14ထို့ကြောင့်ထာဝရဘုရားသည်အမျက် တော်ပြေ၍၊ မိမိလူမျိုးတော်အားပေး မည့်အပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့် ရစေတော်မူ၏။
Numbers 14:16ကိုယ်တော်သည်ပေးမည်ဟုကတိထားတော်မူ သောပြည်သို့မပို့ဆောင်နိုင်သောကြောင့် ဤသူ တို့ကိုတောကန္တာရ၌အဆုံးစီရင်တော်မူ သည်ဟုပြောကြပါလိမ့်မည်။-
Deuteronomy 9:28သို့မဟုတ်လျှင်အီဂျစ်အမျိုးသားတို့က ကိုယ် တော်သည်သူတို့အားကတိထားတော်မူသော ပြည်သို့ပို့ဆောင်နိုင်စွမ်းမရှိဟုဆိုကြပါ လိမ့်မည်။ ကိုယ်တော်သည်ကိုယ်တော်၏လူမျိုး တော်ကိုမုန်းသောကြောင့် သတ်ပစ်ရန်တော ကန္တာရသို့ထုတ်ဆောင်ခဲ့သည်ဟုလည်းဆို ကြပါလိမ့်မည်။-
Deuteronomy 32:26ငါသည်သူတို့ကိုတစ်ယောက်မကျန် သုတ်သင်ဖျက်ဆီးပစ်မည်ဟုအကြံရှိ၏။
Deuteronomy 32:36ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။
Joshua 7:26သူ၏အလောင်းပေါ်တွင်ကျောက်ခဲပုံကြီး ကိုပုံထားကြ၏။ ထိုကျောက်ပုံကြီးကို ယနေ့တိုင်အောင်တွေ့မြင်နိုင်သည်။ ထိုအဖြစ် အပျက်ကိုအစွဲပြု၍ထိုအရပ်ကို`ဒုက္ခ ချိုင့်ဝှမ်း' ဟုယနေ့တိုင်ခေါ်တွင်ကြသည်။ ထိုအခါထာဝရဘုရားသည်အမျက် တော်ပြေလေ၏။