ထွက်မြောက်ရာကျမ်း 33:11
မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။
Common Language Bible
In The King James Version
In Context
10လူအပေါင်းတို့သည်၊ တဲတော်ဝ၌တိမ် တိုက်ကိုမြင်ရလျှင်၊ ဦးညွှတ်ရှိခိုးကြ၏။-
Read all of ထွက်မြောက်ရာကျမ်း 33
Cross References
Exodus 17:9မောရှေကယောရှုအား``သင်သည်နက်ဖြန်နေ့ တွင်အာမလက်အမျိုးသားတို့ကိုစစ်ချီ တိုက်ခိုက်ရန်လူအချို့ကိုရွေးလော့။ ငါသည် ထာဝရဘုရားအပ်နှင်းထားတော်မူသော တောင်ဝှေးကိုကိုင်လျက် တောင်ထိပ်ပေါ်တွင် ရပ်နေမည်'' ဟုဆို၏။-
Exodus 32:17ယောရှုသည်လူများ၏ကြွေးကြော်သံကို ကြားရသောအခါ၊ မောရှေအား``စခန်းထဲ ၌တပ်လှန့်သံကိုကြားရပါသည်တကား'' ဟုဆို၏။-
Numbers 12:7ငါ၏အစေခံမောရှေသည်ကားထိုကဲ့သို့ သောပရောဖက်မဟုတ်။ ငါ၏လူမျိုးတော် ဣသရေလအမျိုးသားအပေါင်းတို့ကို သူ၏လက်ဝယ်၌ငါအပ်ထားပြီ။-
Deuteronomy 5:4ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
Deuteronomy 34:10ဣသရေလအမျိုးသားတို့တွင် မောရှေကဲ့ သို့သောပရောဖက်မပေါ်ထွန်းတော့ချေ။ သူ သည်ထာဝရဘုရားအား ကိုယ်တိုင်ကိုယ် ကြပ်သိကျွမ်းသူဖြစ်သည်။-
Job 16:21လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။