The Bible Software
bible.software › ထွက်မြောက်ရာကျမ်း › ထွက်မြောက်ရာကျမ်း 33 › ထွက်မြောက်ရာကျမ်း 33:12

ထွက်မြောက်ရာကျမ်း 33:12

မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-

Common Language Bible

In The King James Version

And Moses said unto the LORD, See, thou sayest unto me, Bring up this people: and thou hast not let me know whom thou wilt send with me. Yet thou hast said, I know thee by name, and thou hast also found grace in my sight.

In Context

11မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။

13ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''

Read all of ထွက်မြောက်ရာကျမ်း 33

Cross References

Genesis 18:19သူ​သည်​မိ​မိ​၏​သား​မြေး​တို့​အား ငါ့​စ​ကား​ကို နာ​ခံ​စေ​ရန်​နှင့်​မှန်​ကန်​ဖြောင့်​မတ်​စွာ​ကျင့်​ကြံ​စေ ရန် ပ​ညတ်​ထား​နိုင်​စေ​အံ့​သော​ငှာ​သူ့​ကို​ငါ​ရွေး ကောက်​ပြီ။ ထို​သို့​သူ​တို့​နာ​ခံ​ကျင့်​ကြံ​ကြ​လျှင် သူ့​အား​က​တိ​ထား​သ​မျှ​အ​တိုင်း​ငါ​ပြု​မည်'' ဟု​အ​ကြံ​တော်​ရှိ​၏။

Exodus 3:10ငါ​၏​လူ​မျိုး​တော်​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ရန် သင့်​အား​ဖာ​ရော​ဘု​ရင်​ထံ​သို့​ငါ စေ​လွှတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

Exodus 33:1ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-

Exodus 34:9``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ် အား​အ​ကယ်​ပင်​နှစ်​သက်​ပါ​လျှင်​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​ကြွ​သွား​တော်​မူ​ပါ။ ဤ​လူ​တို့ သည်​ခေါင်း​မာ​ပါ​၏။ သို့​ရာ​တွင်​အ​ကျွန်ုပ်​တို့ ၏​ဒု​စ​ရိုက်​အ​ပြစ်​ကို​လွှတ်​လျက် အ​ကျွန်ုပ်​တို့ အား​ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​ဖြစ်​လက် ခံ​တော်​မူ​ပါ'' ဟု​လျှောက်​ထား​လေ​၏။

Psalms 1:6ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ထွက်မြောက်ရာကျမ်း 33:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ထွက်မြောက်ရာကျမ်း 33:11ထွက်မြောက်ရာကျမ်း 33ထွက်မြောက်ရာကျမ်း 33:13 →