ထွက်မြောက်ရာကျမ်း 33:19
ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 33
Cross References
Exodus 3:13ထိုအခါမောရှေက``အကျွန်ုပ်သည်ဣသ ရေလအမျိုးသားတို့ထံသို့သွား၍၊ သူတို့ အား`သင်တို့ဘိုးဘေးတို့၏ဘုရားသခင် သည် ငါ့အားသင်တို့ထံသို့စေလွှတ်လိုက်သည်' ဟုပြောလျှင်သူတို့က`ထိုဘုရား၏နာမ တော်ကားမည်သို့ခေါ်ပါသနည်း' ဟုမေး သည်ရှိသော်အကျွန်ုပ်ကမည်သို့ဖြေကြား ရပါမည်နည်း'' ဟုမေးလျှောက်လေ၏။
Nehemiah 9:25ကိုယ်တော်၏လူမျိုးတော်သည်ခံတပ်မြို့များ၊ မြေသြဇာကောင်းသည့်ပြည်၊ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်ဝသည့်အိမ်များ အဆင်သင့်တူးထားပြီး ရေတွင်းများသံလွင်ပင်များသစ်သီးပင်များနှင့် စပျစ်ဥယျာဉ်များကိုသိမ်းယူကြရပါ၏။ သူတို့သည်စိတ်ရှိသမျှစားသောက်ကာ ဝဖြိုးလာကြပါ၏။ ကိုယ်တော်ပေးတော်မူသောကောင်းမြတ်သည့် အရာတို့ကိုခံစားကြရပါ၏။
Psalms 65:4ဗိမာန်တော်၌နေ၍အထံတော်သို့ချဉ်းကပ် စေရန် ကိုယ်တော်ရှင်ရွေးချယ်သောသူများသည် မင်္ဂလာရှိပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏အိမ်တော်မှ ကောင်းမြတ်သောအရာများ၊သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်မှကောင်းချီးမင်္ဂလာများကိုခံစား ရရှိ ကြသဖြင့်ရောင့်ရဲကြပါလိမ့်မည်။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Jeremiah 31:12သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
Zechariah 9:17ပြည်တော်သည်အဘယ်မျှသာယာတင့် တယ်လျက် နေပါလိမ့်မည်နည်း။ လူငယ်လူရွယ်တို့သည်ပြည်တော်ထွက်ဂျုံဆန်နှင့် စပျစ်ရည်ကိုမှီဝဲလျက်၊အားအင်ပြည့်ဖြိုး၍ လာကြလိမ့်မည်။