ထွက်မြောက်ရာကျမ်း 34:20
သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။ ``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
Common Language Bible
In The King James Version
In Context
21``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 13:12သင်တို့၌ဖွားမြင်သောသားဦးမှန်သမျှကို ထာဝရဘုရားအားဆက်ကပ်ရမည်။ သင်တို့ ၏တိရစ္ဆာန်များမှ သားဦးပေါက်အထီးမှန် သမျှကိုလည်းထာဝရဘုရားပိုင်တော် မူ၏။-
Exodus 13:15အီဂျစ်ဘုရင်သည်ခေါင်းမာ၍ငါတို့အား သွားခွင့်မပေးသောအခါ ထာဝရဘုရား သည်အီဂျစ်ပြည်၌ရှိသောလူနှင့်တိရစ္ဆာန် တို့၏သားဦးပေါက်မှန်သမျှတို့ကိုသေ ဒဏ်စီရင်တော်မူ၏။ ထိုအကြောင်းကြောင့် ငါတို့သည်တိရစ္ဆာန်သားဦးပေါက်မှန်သမျှ ကို ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ သို့သော်လည်းငါတို့၏သားဦးများကို ပြန်၍ရွေးယူကြသည်။-
Numbers 3:45``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။-
Deuteronomy 16:16``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
2 Samuel 24:24သို့ရာတွင်မင်းကြီးက``ဤသို့မယူလို။ တန် ဖိုးကိုငါပေးမည်။ ငါသည်မိမိအဖိုးမပေး ဘဲရရှိသည့်ပူဇော်သကာများကို ငါ၏ဘုရားသခင်ထာဝရဘုရားအားဆက်သလိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ ထိုနောက်မင်းကြီး သည်ကောက်နယ်တလင်းနှင့်နွားများကိုငွေ သားကျပ်ငါးဆယ်ပေး၍ဝယ်ယူတော်မူ၏။-