ထွက်မြောက်ရာကျမ်း 34:28
မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 31:18ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
Exodus 34:1ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
Deuteronomy 9:9ထာဝရဘုရားနှင့်သင်တို့ပြုသောပဋိညာဉ် ကိုရေးထားသောကျောက်ပြားများကိုလက်ခံ ခြင်းငှာ ငါသည်တောင်ပေါ်သို့တက်သွား၏။ အရက်လေးဆယ်ပတ်လုံးငါသည်မစား သောက်ဘဲတောင်ပေါ်တွင်နေ၏။-
Deuteronomy 9:25``ထာဝရဘုရားသည် သင်တို့အားသုတ်သင်ဖျက် ဆီးမည်ဖြစ်သောကြောင့် ငါသည်ရက်ပေါင်းလေး ဆယ်ပတ်လုံး ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ် လျက်နေခဲ့၏။-
Deuteronomy 10:5ထို့နောက်ငါသည်တောင်ပေါ်မှပြန်ဆင်းခဲ့၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ငါသည်ထိုကျောက်ပြားများကိုငါပြုလုပ် သောသေတ္တာတော်ထဲတွင်ထည့်ထားသည်ဖြစ် ရာ ထိုကျောက်ပြားများသည်ယနေ့တိုင် အောင်သေတ္တာတော်ထဲ၌ရှိသတည်း။''