ထွက်မြောက်ရာကျမ်း 34:32
ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 24:3မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။-
Numbers 15:40ငါ၏ပညတ်ရှိသမျှကိုစောင့်ထိန်းရန် ပန်းပွားများက သင်တို့ကိုသတိပေး သဖြင့်သင်တို့သည်ငါ့အတွက်ဆက်ကပ် ထားသောလူမျိုးတော်ဖြစ်လိမ့်မည်။-
Matthew 28:20သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
1 Corinthians 15:3ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊-