ထွက်မြောက်ရာကျမ်း 34:4
ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 19:3မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊-
Exodus 32:16ထိုကျောက်ပြားများနှင့်ကျောက်ပြားများပေါ် ရှိအက္ခရာတို့သည် ဘုရားသခင်၏လက်ရာ တော်ဖြစ်သတည်း။
Deuteronomy 10:3``သို့ဖြစ်၍ငါသည် အကာရှသစ်သားဖြင့် သေတ္တာတော်ကိုပြုလုပ်၍ ယခင်ကျောက်ပြား များနှင့်အလားတူကျောက်ပြားနှစ်ပြားကို ခုတ်ပြီးလျှင် ကျောက်ပြားများကိုယူဆောင် လျက်တောင်ပေါ်သို့တက်သွား၏။-